Tuesday, February 14, 2012

15.02.2012



ဖြိုး.....

ဖြိုးရယ် အရာ အားလုံးကို ဖြိုး အတွက် နားလည်ပေးဖို့ ကြိုးစားခဲ့ပါတယ်.......
ဒါပေမယ့် တစ်ခါတစ်လေ တော့ မျှော်လင့်မိတာလေးတွေ ဖြစ်မလာတော့ စိတ်ဆိုးမိတာ.... ခွင့်လွှတ်ပါ.........
တစ်ခါတစ်လေ ဖြစ်တဲ့ အပြစ်တွေ က လည်း ဖြိုးကို ချစ်လို့ ဆိုတာ နားလည်ပေးပါ............


15.02.2012 (1:52 pm )

Happy valentine



ဒီနေ့ ရုံး ဆင်းပြီးတော့သူငယ်ချင်းတွေ နဲ့ အတူ ကောင်မလေး သူ့ချစ်သူ ဖြိုး လက်ကို ဆွဲကာ သူငယ်ချင်းမွေးနေ့ ပွဲ ရှိရာ မျှော်စင်ကျွန်းကို ရောက်ရှိလာပါတယ်.....
တွေ့ရတဲ့ အချိန် က ခဏလေး ဆိုပေမယ့် အရမ်းပျော်ပါတယ် ကောင်လေးရယ်......

ထိုင်ပြီး စားသောက်နေတဲ့ အချိန်ထက် ကောင်လေးနဲ့ ကားစီးပြီး ပြန်လာရတဲ့ အချိန် က အပျော်ဆုံးပေါ့.....
ပြီးတော့ လက်တွဲပြီး လမ်းလျှောက်ခဲ့တာတွေ.......


ဒီနှစ် valentine က တော့ ကောင်မလေးအတွက် အရမ်းကို လှပခဲ့တဲ့ နေ့လေးတစ်နေ့ပေါ့......
ကောင်မလေး ချစ်တဲ့ ဖြိုးလည်း အဲ့လိုပဲ ထပ်တူထပ်မျှ ခံစားရလိမ့်မယ် လို့ ထင်ပါတယ်.....

Happy valentine ( 14.02.2012 )  10:33pm

Monday, February 13, 2012

ချစ်တဲ့ဖြိုး အွန်လိုင်းကို မြန်မြန်လာပါ.......


ဖြိုး

အလုပ်တွေ လုပ်ပြီး

အွန်လိုင်းကို   မြန်မြန်လာနိုင်ပါစေ.............

အရမ်းချစ်တယ်.............

စောင့်ရတာ စိတ်မောလှပြီ.....

၁၃.၀၂.၂၀၁၂( 10:53 pm )

မောနင်းပါ ချစ်သူ



Phyo ..

Morning တိုင်း ကော်ဖီ တူတူ သောက်ခွင့် ရချင်တယ်...........

ဒုတိယံမိ date ခြင်း



အမှတ်မရှိတဲ့ ကောင်မလေးတစ်ယောက် ဒုတိယ အချိန် တွေ့ဖို့ ချိန်းဆိုလိုက်မိပြန်ပီ.........
ကောင်မလေး ရင်တဒိတ်ဒိတ်နဲ့ ကောင်လေး ဖုန်းဆက်မယ့် အချိန် ကို စောင့်နေမိပါတယ်........
ထပ်ပြီး လွဲမှာ ကောင်မလေး အရမ်းကြောက်နေပါတယ်......
ဒါပေမယ့် ကံကြမ္မာ က ကောင်မလေးဘက်ကို အလေးသာတယ် နဲ့ တူပါတယ်.......
7 နာရီ ခွဲခါနီးလောက်မှာ ကောင်လေး ဖုန်းဆက်လာတယ်........
ချိန်းတဲ့ နေရာ နားကို ရောက်နေပီတဲ့....ကောင်မလေး အရမ်းပျော်ပါတယ်..........
ဆိုင်သွားထိုင်တိုင်း အအေးသောက်တဲ့ ကောင်မလေး .......ကောင်လေးနဲ့လည်း တွေ့ရော
ဘာမှာလို့ မှာရမှန်းမသိဘူး ဖြစ်နေတယ်........
အဲ့တာ နဲ့ ကောင်မလေး လည်း သူကြိုက်မယ်ထင်တဲ့ ကော်ဖီ မှာလိုက်တယ်...........
ပြီးတော့ သူတို့ ထိုင်ပြီး တော့ ကော်ဖီ သောက်ရင်းစကားပြောကြတယ်ပေါ့............
ကောင်မလေး ရင်ထဲမှာ အရမ်းပျော်နေတာပဲ သိတော့တယ်...


11.02.2012

ပထမဆုံး တွေ့မယ့်  နေ့



ဖြိုး



ပထမဆုံးတွေ့မယ်လို့ ပြောတဲ့နေ့ပေါ့

ကောင်မလေးတစ်ယောက် ကော်ဖီဆိုင်မှာ အအေးတစ်ခွက်မှာပြီး
ဖုန်းလေးကို ရှေ့မှာ ချပြီး ဖုန်းအလာ ကို စောင့်နေခဲ့တယ်..
ဒါပေမယ့် ဖုန်းမလာခဲ့ပါဘူး
တစ်နာရီခွဲလောက် တစ်ယောက်တည်း
ငူငူချည်း ထိုင်ပြီး ပြန်လာခဲ့ပါတယ်............


ပထမ ဆုံး  အလွဲပေါ့.............(09.02.2012)