Monday, February 13, 2012

ဒုတိယံမိ date ခြင်း



အမှတ်မရှိတဲ့ ကောင်မလေးတစ်ယောက် ဒုတိယ အချိန် တွေ့ဖို့ ချိန်းဆိုလိုက်မိပြန်ပီ.........
ကောင်မလေး ရင်တဒိတ်ဒိတ်နဲ့ ကောင်လေး ဖုန်းဆက်မယ့် အချိန် ကို စောင့်နေမိပါတယ်........
ထပ်ပြီး လွဲမှာ ကောင်မလေး အရမ်းကြောက်နေပါတယ်......
ဒါပေမယ့် ကံကြမ္မာ က ကောင်မလေးဘက်ကို အလေးသာတယ် နဲ့ တူပါတယ်.......
7 နာရီ ခွဲခါနီးလောက်မှာ ကောင်လေး ဖုန်းဆက်လာတယ်........
ချိန်းတဲ့ နေရာ နားကို ရောက်နေပီတဲ့....ကောင်မလေး အရမ်းပျော်ပါတယ်..........
ဆိုင်သွားထိုင်တိုင်း အအေးသောက်တဲ့ ကောင်မလေး .......ကောင်လေးနဲ့လည်း တွေ့ရော
ဘာမှာလို့ မှာရမှန်းမသိဘူး ဖြစ်နေတယ်........
အဲ့တာ နဲ့ ကောင်မလေး လည်း သူကြိုက်မယ်ထင်တဲ့ ကော်ဖီ မှာလိုက်တယ်...........
ပြီးတော့ သူတို့ ထိုင်ပြီး တော့ ကော်ဖီ သောက်ရင်းစကားပြောကြတယ်ပေါ့............
ကောင်မလေး ရင်ထဲမှာ အရမ်းပျော်နေတာပဲ သိတော့တယ်...


11.02.2012

No comments:

Post a Comment